logo header

နိုင်ငံခြားရေးဝန်ကြီးဌာန(ရန်ကုန်)၌ သံတမန်မဟာသင်္ကြန်ရေသဘင်ပွဲတော် ကျင်းပ(၁၅-၄-၂၀၂၃ ရက်)

(၁၅-၄-၂၀၂၃ ရက်၊ ရန်ကုန်)
၁၃၈၅ ခုနှစ် မြန်မာနှစ်သစ်ကို ကြိုဆိုသောအားဖြင့် နိုင်ငံခြားရေးဝန်ကြီးဌာန နှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနတို့၏ သံတမန်မဟာသင်္ကြန်ရေသဘင် ပွဲတော်ကို ၁၅-၄-၂၀၂၃ ရက်(သင်္ကြန်အကြတ်နေ့) စနေနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ သံတမန်လမ်းရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံ မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေး အဖွဲ့ခြံဝန်း၏ မြက်ခင်းပြင်၌ ကျင်းပခဲ့ပါသည်။

မြန်မာ့ရိုးရာရေသဘင်ပွဲတော်သို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ် နှင့်ဇနီး၊ ရန်ကုန်မြို့အခြေစိုက်နိုင်ငံခြားသံရုံးများ/အဖွဲ့ရုံးများမှ သံတမန်များနှင့် ၎င်းတို့၏ မိသားစုဝင်များ၊ ဂုဏ်ထူးဆောင်ကောင်စစ်ဝန်ချုပ်ရုံးများမှ ကိုယ်စားလှယ်များနှင့် ပြည်ပ စီးပွားရေးအဖွဲ့အစည်းများမှ နိုင်ငံခြားသားကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့ ဥက္ကဋ္ဌ၊ ညွှန်ကြားရေးမှူးချုပ်များ၊ အရာထမ်း/အမှုထမ်းများ၏ မိသားစုဝင်များ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြပါသည်။

အခမ်းအနားတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက နှစ်သစ်ကူး နှုတ်ခွန်းဆက် အမှာစကားနှင့် နှစ်သစ်ဆုမွန်ကောင်းများ ပြောကြားခဲ့ပါသည်။ ထို့နောက် ပါဝင်ဆင်နွှဲကြသူများအား မြန်မာ့ရိုးရာအစားအစာများဖြင့် တည်ခင်းဧည့်ခံခဲ့ပြီး အတူတကွ ပျော်ရွှင်စွာ ရေကစားခဲ့ကြပါသည်။

ဆက်လက်၍ တက်ရောက်လာကြသည့် သံတမန်များနှင့် ဧည့်သည်တော်များအား နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနတို့မှ လှပျိုဖြူများက သင်္ကြန်ယိမ်းအကများဖြင့် သီဆိုကပြဖျော်ဖြေခဲ့ကြကြောင်း သိရှိရပါသည်။

20230418 03

20230418 03

20230418 03

20230418 03

20230418 03

Embassy Websites

Government Ministries

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၀င်များ၏အမည်စာရင်း နုင့် အစိုးရအဖွဲ့၀င်ပြည်ထောင်စု၀န်ကြီးများစာရင်း