logo header

Press Release

Myanmar being an ASEAN Member State has the full rights to participate in the upcoming ASEAN Summits and Related Summits to be held from 26 October 2021 to 28 October 2021 as the ASEAN Charter guaranteed equality of all ASEAN Member States and thus equal level of representation at the ASEAN Meetings in equal footing with fellow ASEAN Member States.

However, the current ASEAN Chair, Ministry of Foreign Affairs of Brunei Darussalam’s invitation of non-political representative ( Permanent Secretary of the Ministry of Foreign Affairs) to the upcoming ASEAN Summits and Related Summits is not in line with ASEAN Charter, ASEAN procedures and precedent. Moreover, Myanmar representative is denied to equal rights enjoyed by other ASEAN Member States. Therefore, downgrading the level of participant and limiting his role of discussions in the Summits is contrary to the Article 5 of the ASEAN Charter on “Rights and Obligation”.

Therefore, Myanmar has informed the Ministry of Foreign Affairs of Brunei Darussalam that Myanmar can accept the participation of Head of State or Head of Government or his Ministerial level representative at the upcoming 38th and 39th ASEAN Summits and Related Summits to be held from 26 October to 28 October 2021.

Myanmar would be pursuing the due processes under the ASEAN Charter and the Protocol to the ASEAN Charter on Dispute Settlement Mechanisms in resolving the differences on Myanmar’s representation at the ASEAN Meetings and differences in interpretation of some relevant provisions of the ASEAN Charter.

Ministry of Foreign Affairs
Nay Pyi Taw
Date, 25 October 2021

 


သတင်းထုတ်ပြန်ချက်

 

အာဆီယံအစည်းအဝေးများအားလုံးတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ အဆင့်တူ၊ တန်းတူတက်ရောက်ရန် အာဆီယံပဋိညာဉ်စာတမ်းမှ ပြဌာန်းထားသည်ဖြစ်ရာ၊ အာဆီယံအဖွဲ့ဝင် တစ်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံသည် ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၂၆ ရက်နေ့မှ ၂၈ ရက်နေ့အထိ ကျင်းပမည့် (၃၈) ကြိမ်မြောက်နှင့် (၃၉)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးများနှင့် ဆက်စပ်ထိပ်သီးအစည်းအဝေးများသို့ အခြားအာဆီယံ နိုင်ငံများနည်းတူ အဆင့်တူ ကိုယ်စားပြု တက်ရောက်ရန် အခွင့်အရေး အပြည့်အဝရှိပါသည်။

သို့သော် အဆိုပါအစည်းအဝေးများသို့ မြန်မာနိုင်ငံမှ နိုင်ငံရေးအရ ကိုယ်စားမပြုသည့် ကိုယ်စားလှယ် (နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်) တက်ရောက်ရန် လက်ရှိ အာဆီယံဥက္ကဋ္ဌဖြစ်သူ ဘရူနိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနမှ ဖိတ်ကြားလာခြင်းသည် အာဆီယံ ပဋိညာဉ်စာတမ်းနှင့် မကိုက်ညီသကဲ့သို့ ၊ အာဆီယံ၏ လုပ်ထုံးလုပ်နည်းနှင့် အစဉ်အလာမှလည်း သွေဖည်နေပါသည်။ ထို့အပြင် အစည်းအဝေးတက်မည့် မြန်မာကိုယ်စားလှယ်၏ အဆင့်အတန်း ကိုနှိမ့်ပြီးဖိတ်ကြားခြင်းနှင့် အစည်းအဝေးများ၌ ဆွေးနွေးရာတွင် ကန့်သတ်မှုများထားခြင်းသည် အာဆီယံပဋိညာဉ်စာတမ်း အပိုဒ်-၅ နှင့်လည်း ကိုက်ညီမှုမရှိကြောင်းတွေ့ရပါသည်။

သို့ဖြစ်ပါ၍ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၂၆ ရက်နေ့မှ ၂၈ ရက်နေ့အထိ ကျင်းပမည့် (၃၈) ကြိမ်မြောက်နှင့် (၃၉) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးများ နှင့် ဆက်စပ် ထိပ်သီးအစည်းအဝေးများသို့ နိုင်ငံအကြီးအကဲ သို့မဟုတ် အစိုးရအဖွဲ့အကြီးအကဲ သို့မဟုတ် နိုင်ငံအကြီးအကဲကို ကိုယ်စားပြုမည့် ပြည်ထောင်စုဝန်ကြီးအဆင့်ပုဂ္ဂိုလ်က ပါဝင်တက်ရောက် နိုင်ရေးကိုသာ မြန်မာနိုင်ငံက လက်ခံမည်ဖြစ်ကြောင်း အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဘရူနိုင်း နိုင်ငံခြားရေးဝန်ကြီးဌာနသို့ အကြောင်းပြန်ထားပြီးဖြစ်ပါသည်။

အာဆီယံအစည်းအဝေးများတက်ရောက်ရာတွင် မြန်မာနိုင်ငံ၏ ကိုယ်စားပြုမှုကိစ္စနှင့် ပတ်သက်၍ အာဆီယံအဖွဲ့ဝင်နိုင်ငံအချို့နှင့် မြန်မာနိုင်ငံတို့အကြား အမြင်မတူမှုများ၊ အာဆီယံ ပဋိညာဉ်စာတမ်းပါ သက်ဆိုင်ရာ ပြဌာန်းချက်အချို့အပေါ် အဓိပ္ပါယ်ဖွင့်ဆိုချက် ကွဲလွဲမှုများကို ဖြေရှင်းနိုင်ရန်အတွက်လည်း အာဆီယံပဋိညာဉ်စာတမ်းပါ ပြဌာန်းချက်များနှင့် အာဆီယံ ပဋိညာဉ်စာတမ်း၏ နောက်ဆက်တွဲသဘောတူညီချက်များနှင့်အညီ မြန်မာနိုင်ငံက ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန
နေပြည်တော်
ရက်စွဲ၊ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၂၅ ရက်

Embassy Websites

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၀င်များ၏အမည်စာရင်း နုင့် အစိုးရအဖွဲ့၀င်ပြည်ထောင်စု၀န်ကြီးများစာရင်း