(25-9-2021, Nay Pyi Taw)
The Ministry of Foreign Affairs of the Republic of the Union of Myanmar has learnt of the concerns expressed by some foreign missions regarding the recent suspension of internet in some townships of Myanmar based on some social media news which were drawn from the unreliable and unverified sources.
In fact, the recent internet connections were disrupted due to the terrorist acts such as destroying of communication towers by terrorist groups affiliated with the so-called National Unity Government (NUG) and People Defence Force (PDF).
Myanmar steadfastly adheres to the position of condemning terrorism and extremism in all forms and manifestation and reaffirms its determination to take legal actions with existing laws against those committing terrorist acts. Myanmar has always valued the fundamental human rights of the people of Myanmar which are clearly stipulated in the 2008 State Constitution.
The Ministry urged some foreign missions in Yangon to thoroughly verify information before making statements and to highlight the information formally provided by the government.
သတင်းထုတ်ပြန်ချက်
(၂၅-၉-၂၀၂၁ ရက်၊ နေပြည်တော်)
ရန်ကုန်မြို့ရှိ နိုင်ငံခြားသံရုံးအချို့မှ မြန်မာနိုင်ငံ၌ မြို့နယ်အချို့တွင် အင်တာနက် ဖြတ်တောက်မှုများ ဖြစ်ပေါ်လျက်ရှိသဖြင့် စိုးရိမ်ပူပန်မှုများရှိနေကြောင်းကို မမှန်ကန်၊ မရေရာသော အချက်အလက်များအပေါ်အခြေခံ၍ ထုတ်လွှင့်သော လူမှုကွန်ယက် စာမျက်နှာရှိ သတင်းများကို ကိုးကား၍ ထုတ်ပြန်နေသည်ကို တွေ့ရှိရပါသည်။
အမှန်တကယ်တွင် အင်တာနက်ဖြတ်တောက်မှုများသည် အကြမ်းဖက် အဖွဲ့အစည်း အဖြစ် ကြေညာထားသည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) တို့နှင့်ဆက်နွယ်နေသောအကြမ်းဖက်အုပ်စုများမှ ဆက်သွယ်ရေး တာဝါတိုင်များကို ဖျက်ဆီးခြင်းကဲ့သို့သော အကြမ်းဖက်လုပ်ရပ်များကြောင့်ဖြစ်ပါသည်။
မြန်မာနိုင်ငံအနေဖြင့် မည်သည့်ပုံသဏ္ဍန်နှင့်မဆိုရှိသည့် အကြမ်းဖက်မှု၊ အစွန်း ရောက်မှုများအားလုံးကို ဆန့်ကျင်ပြီး အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်သည့် မည်သူ့ကို မဆိုတည်ဆဲဥပဒေများနှင့်အညီ အရေးယူသွားမည်ဖြစ်ပါသည်။ မြန်မာနိုင်ငံအနေဖြင့် ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ရှင်းလင်းပြတ်သားစွာ ပြဋ္ဌာန်းထားသည့် မြန်မာ ပြည်သူများ၏ အခြေခံလူ့အခွင့်အရေးများကို အစဉ်တန်ဖိုးထားလျက်ရှိပါသည်။
ရန်ကုန်မြို့ရှိ နိုင်ငံခြားသံရုံးအချို့အနေဖြင့် သတင်းထုတ်ပြန်ခြင်းမပြုမီ သတင်း အချက်အလက်များကို ဂရုပြုစိစစ်ကြပါရန်နှင့် မြန်မာနိုင်ငံအစိုးရမှ တရားဝင်ထုတ်ပြန် ထားသော သတင်းအချက်အလက်များကို အလေးထားဖော်ပြသွားကြရန် နိုင်ငံခြားရေး ဝန်ကြီးဌာနအနေဖြင့် တိုက်တွန်းအပ်ပါသည်။