မြန်မာသံရုံး၊ ကင်ဘာရာမြို့မှ သံရုံးယာယီတာဝန်ခံ ဒေါ်မြတ်သူဇာသန်းသည် ဩစတြေးလျနိုင်ငံဆိုင်ရာ ဘရူနိုင်းသံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သည့် H.E. Ms. Nooraslena Sallehuddin အား ၁၅-၆-၂၀၂၆ ရက်၊ တနင်္လာနေ့၊ နံနက် ၁၁:၀၀ နာရီတွင် မြန်မာသံရုံးရှိ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုအခြေအနေများ၊ မြန်မာ-ဘရူနိုင်း နှစ်နိုင်ငံဆက်ဆံရေးဖွံ့ဖြိုးတိုးတက်မှု၊ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးနှင့် အပြန်အလှန်အထောက်အပံ့ပြုမှုတို့ကို အခြေခံ၍ ဘရူနိုင်းသံရုံးမှ ကင်ဘာရာမြို့ အခြေစိုက် အာဆီယံ-ကင်ဘာရာကော်မတီ၌ အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူမည့်ကာလ အတွင်းအပါအဝင် မြန်မာသံရုံးနှင့် ဘရူနိုင်းသံရုံးတို့အကြား ပိုမိုနီးကပ်စွာ တိုးမြှင့်ပူးပေါင်း ဆောင်ရွက်သွားရေးတို့အပေါ် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပါသည်။
မြန်မာသံရုံး၊ ကင်ဘာရာမြို့။
Daw Myat Thuzar Than, Chargé d’affaires of the Myanmar Embassy in Canberra receives a courtesy call from H.E. Ms. Nooraslena Sallehuddin, High Commissioner-designate of Brunei Darussalam to Australia
The Chargé d’affaires of the Myanmar Embassy in Canberra, Daw Myat Thuzar Than, received a courtesy call from H.E. Ms. Nooraslena Sallehuddin, High Commissioner-designate of Brunei Darussalam to Australia, at the Myanmar Embassy at 11:00 a.m. on 15 June 2026.
During the meeting, they cordially exchanged views on recent developments in Myanmar, the development of bilateral relations between Myanmar and Brunei Darussalam, as well as the enhancement of close cooperation between the two Embassies based on long-standing bilateral relations and mutual support including during the High Commission of Brunei Darussalam’s forthcoming chairmanship of the ASEAN Committee in Canberra (ACC).
Myanmar Embassy
Canberra

