20260506 owic 02

Recommendation Letter for OWIC Workers

လိုအပ်သည့်စာရွက်စာတမ်းများ

၁။ ကိုယ်ရေးလျှောက်လွှာ (Download form)
၂။ ကြေညာချက်ပါ စာရွက်စာတမ်းများ
၃။ ထောက်ခံစာဆောင်ရွက်ခ သြစတြေးလျဒေါ်လာ ၁၀/- (၁-၈-၂၀၂၆ ရက်မှ စတင်၍) ပူးတွဲပေးပို့ရန် (ငွေသား (သို့မဟုတ်) Money Order ဖြင့် ပေးဆောင်ရန်၊ စာတိုက်မှတစ်ဆင့် ပေးပို့သည့် အချက်အလက် ပြည့်စုံသော လျှောက်လွှာများကို ပြည့်စုံသည့်ရက်မှ ရုံးဖွင့်ရက် (၃)ရက်အတွင်း ဆောင်ရွက်ပေး မည်ဖြစ်ပြီး ကာယကံရှင်ကိုယ်တိုင်လာရောက်လျှောက်ထားပါက နေ့ချင်းပြီး ဆောင်ရွက်ပေးမည် ဖြစ်ပါသည်။
၄။ မြန်မာသံရုံးမှ ဆောင်ရွက်ပြီးသည့် ထောက်ခံစာများအား ကာယကံရှင်ထံ ပြန်လည် ပေးပို့နိုင်ရန်အတွက် ကာယကံရှင်၏ လိပ်စာကို မှန်ကန်စွာရေးသားဖော်ပြထားသည့် prepaid post office စာအိတ်(၁)အိတ် (return envelope) ထည့်သွင်းပေးပို့ရပါမည်။

မှတ်ချက်။ ရေးသွင်းရမည့်ပုံစံများတွင် အချက်အလက်များပြည့်စုံမှန်ကန်စွာ ရေးသွင်းရမည် ဖြစ်ပြီး ဖော်ပြပါစာရွက်စာတမ်းများ ပြည့်စုံစွာ တင်ပြနိုင်ခြင်းမရှိပါက ထောက်ခံစာ များ ပြုလုပ်သည့် လုပ်ငန်းစဉ်နှောင့်နှေးကြန့်ကြာမည်ဖြစ်ပါကြောင်း အသိပေး ဖော်ပြအပ်ပါသည်။