
မြန်မာသံရုံး၊ ကင်ဘာရာမြို့မှ သံရုံးယာယီတာဝန်ခံ ဒေါ်မြတ်သူဇာသန်းက ဩစတြေးလျနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယားသံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သည့် H.E. Mr. NOM Piseth အား မြန်မာသံရုံး၌ လက်ခံတွေ့ဆုံခဲ့ခြင်း
မြန်မာသံရုံး၊ ကင်ဘာရာမြို့မှ သံရုံးယာယီတာဝန်ခံ ဒေါ်မြတ်သူဇာသန်းသည် ဩစတြေးလျနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယားသံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီပြီး ဖြစ်သည့် H.E. Mr. NOM Piseth အား ၂၃-၄-၂၀၂၆ ရက်၊ ကြာသပတေးနေ့၊ နံနက် ၁၀:၀၀ နာရီတွင် မြန်မာသံရုံးရှိ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံစဉ် ကင်ဘာရာမြို့အခြေစိုက် အာဆီယံ-ကင်ဘာရာကော်မတီဆိုင်ရာ ကိစ္စရပ်များ၊ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးသည့်ဆက်ဆံရေးအပေါ် အခြေခံ၍ မြန်မာသံရုံးနှင့် ကမ္ဘောဒီးယားသံရုံးတို့အကြား အပြန်အလှန်နားလည်မှုဖြင့် အစဉ်အဆက် နီးကပ်စွာ ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ အိမ်နီးချင်းနိုင်ငံများနှင့်ဆက်ဆံရေးအခြေအနေများ၊ သံရုံးကောင်စစ်ရေးရာလုပ်ငန်းများနှင့်စပ်လျဉ်းသည့် လုပ်ထုံးလုပ်နည်းများအပေါ် အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြပါသည်။
သံရုံးယာယီတာဝန်ခံ ဒေါ်မြတ်သူဇာသန်းမှ H.E. Mr. NOM Piseth အား မကြာသေးမီကာလအတွင်း မြန်မာနိုင်ငံ၌ နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုများနှင့်စပ်လျဉ်း၍လည်း ဆွေးနွေးပြောကြားခဲ့ပါသည်။
မြန်မာသံရုံး၊ ကင်ဘာရာမြို့။
****************************
Daw Myat Thuzar Than, Chargé d’affaires of the Myanmar Embassy in Canberra receives a courtesy call from H.E. Mr. NOM Piseth, Ambassador-designate of the Kingdom of Cambodia to Australia
The Chargé d’affaires of the Myanmar Embassy in Canberra, Daw Myat Thuzar Than, received a courtesy call from H.E. Mr. NOM Piseth, Ambassador-designate of the Kingdom of Cambodia to Australia, at the Myanmar Embassy at 10:00 a.m. on 23 April 2026.
During the meeting, they cordially discussed and exchanged views on matters related to the activities of ASEAN Committee in Canberra, the close cooperation between the two Embassies based on long-standing bilateral relations, developments in relations with neighbouring countries, as well as the practices and procedures of each Embassy in consular matters.
The Chargé d’affaires also briefed the Ambassador-designate on recent developments of Myanmar.
Myanmar Embassy
Canberra
