logo header

မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု (၇) နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနား ပြုလုပ်ကျင်းပ (၂၃-၃-၂၀၂၃ရက်)

20230405 04

20230405 04

20230405 04

(၂၃-၃-၂၀၂၃ရက်၊နေပြည်တော်)

​မတ်လ (၂၃) ရက်နေ့တွင်ကျရောက်သောမဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု တည်ထောင်ခြင်း(၇) နှစ်မြောက်နှစ်ပတ်လည်နေ့ကိုဂုဏ်ပြုသော အထိမ်းအမှတ်အခမ်းအနား အဖြစ်မြန်မာနိုင်ငံတွင် ဆောင်ရွက်ခဲ့သည့် မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု အထူး ရန်ပုံငွေစီမံကိန်းများ၏ အောင်မြင်မှုပြပွဲနှင့် ဧည့်ခံပွဲအခမ်းအနားကို နိုင်ငံခြားရေးဝန်ကြီး ဌာနက နေပြည်တော်ရှိ M-Gallery ဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့သည်။ ​အဆိုပါအခမ်းအနားသို့ နိုင်ငံတော်ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ် ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ နိုင်ငံခြားရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေနှင့် မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု အထူး စီမံကိန်းများအကောင်အထည်ဖော်ခဲ့သည့်ဝန်ကြီးဌာနများမှပြည်ထောင်စုဝန်ကြီးများ၊ဒုတိယဝန်ကြီးများ၊မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု အဖွဲ့ဝင်နိုင်ငံသံရုံးများမှ သံအမတ်ကြီး များနှင့်သံတမန်များ၊နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ အဆင့်မြင့် အရာရှိကြီးများပါဝင်တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားအစီအစဉ်အရနိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ နှင့်မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ဝင် နိုင်ငံသံရုံးများမှ သံအမတ်ကြီးများက မြန်မာနိုင်ငံတွင်ဆောင်ရွက်ခဲ့သည့်မဲခေါင်-လန်ချန်းပူးပေါင်း ဆောင်ရွက်မှု အထူးရန်ပုံငွေ စီမံကိန်းများ၏အောင်မြင်မှုပြပွဲကိုဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပါသည်။ထို့နောက်ဧည့်သည်တော်ကြီးများသည်ပြပွဲအတွင်း မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေဖြင့် ဝန်ကြီး ဌာန(၁၇)ခုကပူးပေါင်းဆောင်ရွက်မှုဧရိယာ (၃၄) ခု၌ အကောင်အထည်ဖော်ခဲ့သည့် စီမံကိန်း (၉၂)ခုမှ ရလဒ်များပြသထားမှုကို လိုက်လံကြည့်ရှုအားပေးခဲ့ကြပါသည်။ ဆက်လက်၍ မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု၏ (၇) နှစ်မြောက် နှစ်ပတ် လည်နေ့အထိမ်းအမှတ်ဧည့်ခံပွဲကိုအဆိုပါဟိုတယ်၌ဆက်လက်ကျင်းပပြုလုပ်ခဲ့ပါသည်။အဆိုပါအခမ်းအနားတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက မိန့်ခွန်း ပြောကြားခဲ့ရာ ဒေသတွင်း အလုံးစုံပါဝင်ဖွံ့ဖြိုးတိုးတက်မှုအတွက်ဆောင်ရွက်ရာတွင်မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုမှရရှိသည့်အကျိုးကျေးဇူးများ၊ မြန်မာပြည်သူများ အတွက် အထူးရန်ပုံငွေစီမံကိန်းများမှတဆင့် အထောက်အကူပြုမှုများ၊ ဒေသတွင်းငြိမ်းချမ်းမှု ထိန်း သိမ်းရေးနှင့်လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုအတွက်ပူးပေါင်းဆောင်ရွက်ရာတွင်မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု၏မူဝါဒများ၏ အရေးပါမှုတို့ကိုထည့်သွင်းပြောကြားခဲ့ပြီး၊ အထူး ရန်ပုံငွေထောက်ပံ့သည့်တရုတ်ပြည်သူ့သမ္မတနိုင်ငံအားကျေးဇူးတင်ကြောင်းပြောကြားခဲ့ပါသည်။ မြန်မာနိုင်ငံဆိုင်ရာတရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီးမစ္စတာချန်းဟိုင်ကလည်းအထိမ်းအမှတ်မိန့်ခွန်းပြောကြားခဲ့သည်။ ထို့နောက်ဧည့်ခံပွဲအခမ်းအနားသို့တက်ရောက်လာကြသည့်ဧည့်သည်တော်ကြီးများကစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခြင်း၊မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု (၇) နှစ်မြောက်နှစ်ပတ်လည်နေ့အထိမ်းအမှတ်ဗွီဒိယိုမှတ်တမ်းတိုပြသမှုကိုကြည့်ရှုခြင်းတို့ကိုပြုလုပ်ခဲ့ကြပါသည်။ထို့နောက်ညစာစားပွဲအားဆက်လက်ကျင်းပခဲ့ရာအနုပညာဦးစီးဌာနမှအနုပညာရှင်များကဖျော်ဖြေတင်ဆက်ခဲ့ကြပြီးနိုင်ငံတော်ဒုတိယဝန်ကြီးချုပ်နှင့်ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဗိုလ်ချုပ်ကြီးတင်အောင်စန်း၊နိုင်ငံခြားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေနှင့်တရုတ်သံအမတ်ကြီးမစ္စတာချန်းဟိုင်တို့ကဂုဏ်ပြုလက်ဆောင်ပန်းခြင်းများပေးအပ်ချီးမြှင့်ခဲ့ကြပါသည်။ မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုကို၂၀၁၆ခုနှစ်၊ မတ်လ၂၃ရက်နေ့တွင် ဒေသ တွင်း ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများအား ပူးပေါင်းဆောင်ရွက်သွားရန်ရည်ရွယ်၍ စတင် တည်ထောင်ခဲ့ခြင်းဖြစ်ပြီး၊အဖွဲ့ဝင်များအဖြစ် ကမ္ဘောဒီးယား၊တရုတ်၊လာအို၊မြန်မာ၊ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့ပါဝင်ပါသည်။လက်ရှိတွင်မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့သည် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု၏ပူးတွဲဥက္ကဋ္ဌများအဖြစ် ပူးတွဲထမ်းဆောင်လျက်ရှိပါသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန

နေပြည်တော်

၂၀၂၃ခုနှစ်၊မတ်လ၂၃ရက်​

Embassy Websites

Government Ministries

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၀င်များ၏အမည်စာရင်း နုင့် အစိုးရအဖွဲ့၀င်ပြည်ထောင်စု၀န်ကြီးများစာရင်း